ကျောက်တလုံးကြီးမြို့ သစ်တောဦးစီးဌာနမှ ပြည်သူများသို့ အခမဲ့ဖြန့်ဝေမည့် ပျိုးပင်များ ပျိုးထောင်ထားရှိ

ကျောက်တလုံးကြီး   ဇန်နဝါရီ   ၂၅

 

၂၀၂၂ ခုနှစ် မိုးရာသီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သစ်တောသစ်ပင်များ ပိုမိုစိုက်ပျိုးနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် ဒေသခံပြည်သူများအနေဖြင့် ပျိုးပင်များ အခမဲ့ စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ ကျောက်တလုံးကြီးမြို့၊ သစ်တော ဦးစီးဌာန ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း ၁၅၀၀၀ ကို ပျိုးထားကြောင်း သိရသည်။

 

ပြည်သူများထံ ဖြန့်ဝေမည့် ပျိုးပင်များ ပျိုးထောင်ရာတွင် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် ရေသင်းဝင်ပင်၊ ချယ်ရီပင်၊ ကံ့ကော်ပင်၊ ထင်းရှူးပင်၊ စိန်ပန်းပြာပင်၊ စိန်ပန်းနီပင်၊ မျောက်ငိုပင်၊ မယ်ဇလီပင်၊ ခါတော်မီပင်၊ ထောပတ်ပင်၊ နှစ်ရှည်သီးပင်၊ စားပင်တို့ ဖြစ်ကြောင်း သိရသည်။

 

မြဝင်း(ကျောက်တလုံးကြီး)