ကျောက်တန်း ချောင်းဝရွာ ချောင်းကူးတံတား အမြန်ပြုပြင်ပေးစေလို

ကျောက်တန်း ၂၈ ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ချောင်းဝစံပြကျေးရွာမှ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူများနှင့် ကျောင်းသားကျောင်းသူများသည် ကျောက်တန်းမြို့နှင့် ရန်ကုန်မြို့သို့ နေ့စဉ်ဖြတ်သန်း သွားလာလျက်ရှိပြီး ကျေးရွာအဝင် ရိုးချောင်းကူးတံတားမှာ ပျက်စီးနေ၍ မော်တော်ယာဉ်များ သွားလာရန် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါပျက်စီးနေသည့် တံတားအား ဒေသခံပြည်သူများက အုန်းတုံးများဖြင့် အစားထိုးထောက်ခုပြုပြင်၍ သွားလာနေကြရပြီး သက်ဆိုင်ရာမှ အမြန်ဆုံး ပြုပင်ပေးရန် ပြည်သူများက ဆန္ဒရှိနေကြကြောင်း သိရသည်။ 
   
စိုးဝင်း (ကျောက်တန်း)