ကျောက်တံခါး မြို့မစျေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် 

ကျောက်တံခါး  နိုဝင်ဘာ ၂၄ 

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် နိုဝင်ဘာ ၂၃ ရက်က မြို့မ စျေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စျေးဆိုင်ခန်းများတွင် မီးသတ် ဆေးဘူးများ ထားရှိမှုရှိ မရှိစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်ပါက အလွယ်တကူ ငြှိမ်းသတ်နိုင်ရေး အတွက် မီးသတ်ဆေးဘူး လက်တွေ့အသုံးပြုပုံအား သရုပ်ပြခြင်းနှင့် မီးသတ်ရေယာဉ်ဖြင့် မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ ဆောင်ရွက်မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးကော်မတီအဖွဲ့ဝင်များ၊ စျေးသူစျေးသားများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)