ကောလင်း-ထီးချိုင့်လမ်းပေါ်တွင်စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

ကောလင်း   ၂၃   မတ်

 

ကောလင်း-ထီးချိုင့်လမ်းပေါ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

 

မူးယစ်ဆေးဝါးသတင်းအရ ခန်သာရဲကင်းမှူး ဒုရဲအုပ် ဝိုင်းချစ်ဦးသည် သက်သေများနှင့်အတူ ကောလင်း- ထီးချိုင့်လမ်းပေါ်ရှိ ကညွှတ်အင်းကျေးရွာအရှေ့ ချောင်းအနီးစောင့်ဆိုင်းနေစဉ် ထီးချိုင့်မြို့နယ် ညောင်ပင်သာကျေးရွာနေ ဟန်ဇော်ဦး မောင်းနှင်လာပြီး ချွှန်းတောင်ကျေးရွာနေ မြင့်ဆန်းနောက်မှ လိုက်ပါလာသော YINXING 125 အစိမ်းရောင်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်း လွယ်အိတ်ထဲမှ WY စာတမ်းပါ စိတ်ကြွဆေးပြား  (၁၉၀)ပါ  အထုပ်(၂)ထုပ်၊ စုစုပေါင်းစိတ်ကြွဆေးပြား (၃၈၀) ကို ဖမ်းဆီးရမိသည်။

 

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသော ဟန်ဇော်ဦး၊(၃၁)နှစ်၊ ညောပင်သာကျေးရွာ ၊ထီးချိုင့်မြို့နယ်၊ မြင့်ဆန်း(၄၂)နှစ်၊ ချွှန်းတောင်ကျေးရွာ၊ ထီးချိုင့်မြို့နယ်နေထိုင်သူတို့အား ဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)