ကောလင်းမြို့ အခြေခံပညာကျောင်းများနှင့် မြို့မဈေးကြီးတွင် စားသုံးရန်မသင့်သော အစားအသောက်ကုန်စည်များ ရောင်းချမှု ရှိမရှိစစ်ဆေး 

ကောလင်း ၁၈ ဇူလိုင်    

 

ယနေ့နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းများနှင့် မြို့မဈေးကြီးအတွင်း၌  စားသုံးသူ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး ကျန်းမာရေး၊ စိတ်ကျေနပ်မှု ရရှိစေရေးတို့အတွက် စားသုံးရန်မသင့်သော အစားအသောက်ကုန်စည်များ ရောင်းချမှု ရှိမရှိစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

fda 2

 

ယင်းသို့ စစ်ဆေးရာတွင် ကသာခရိုင် စားသုံးသူရေးရာဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဦးကျော်စိန်ဌေး ဦးဆောင်သော မြို့နယ်စားသုံးသူရေးရာ ဦးစီးမှူးဦးမြင့်ကြိုင်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး သက်တမ်းလွန်စားသောက်ကုန်များ၊ ဆိုးဆေးပါဝင်သော စားသောက်ကုန်များအား သိမ်းဆည်းခြင်း၊ ဆိုင်ရှင်များအား ဆက်လက်ရောင်းချခြင်းမပြုရန်  အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


    
မြို့နယ်(ပြန်/ဆက်)

 

fda 3.j