ကော့မှူးမြို့တွင် အမျိုးသားတစ်ဦးအား လက်နက်ဥပဒေဖြင့် အရေးယူထား

နေပြည်တော်  ၂၀  ဩဂုတ်

 

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့၌ ဩဂုတ် ၁၈ ရက်နေ့က အမျိုးသားတစ်ဦးအား လက်နက်ဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကော့မှူးမြို့၊ မကျီးတန်းရပ်ကွက်ရှိ တည်းခိုခန်းတွင် တည်းခိုနေသူ ဧရာဝတီ တိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာနေ အောင်ပိုင်စိုး(၃၂ နှစ်)သည် သေနတ်အရှည် ၁ လက်အား သိုဝှက်သိမ်းဆည်းထားကြောင်း သတင်းအရ ဩဂုတ် ၁၈ ရက် မွန်းလွဲ ၃ နာရီခွဲက ကော့မှူးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ ၎င်းအခန်းအတွင်းသို့ ဝင်ရောက်ရှာဖွေရာ အခန်းထောင့်တွင် ဆာလာအိတ်ဖြင့်ထည့်လျက် အရှည် ၄ ပေခန့် ဂက်စ်ဗူးပါ လက်လုပ် ဂက်စ်သေနတ် ၁ လက်၊ သံဘူးငယ် ၄ ဘူးဖြင့် ထည့်လျက် သံဘောစေ့ အလုံး ၄၀၀ ၊ အရှည် ၁၀ လက်မခန့် ဓားအိမ်ပါ ဓားမြှောင် ၁ ချောင်းနှင့်အတူ ဖမ်းဆီးရမိသဖြင့် အောင်ပိုင်စိုးအား ကော့မှူး မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲပြန်ကြားမှ သိရသည်။

 

သတင်းစဉ်