ကျောင်းကျန်းမာရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

ကျိုက်မရော ၂၀ ဇွန်  

ကျောင်းသားကျောင်းသူများ၏ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရန်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်ငန်းများကို မိမိကိုယ်တိုင် ဆောင်ရွက်တတ်စေသည့် အလေ့ အကျင့်များ ရှိလာစေရန် ရည်ရွယ်၍ ကျိုက်မရောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီတွင် အထကချောင်းနှစ်ခွကျောင်း၌ ကျောင်းကျန်းမာရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

 

3387

 

ယင်းသို့ဆောင်ရွက်ရာတွင် သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာပြည့်ဖြိုးလှိုင်မှ သွား ရောဂါနှင့် ပတ်သက်၍ ပညာပေးဟောပြောကာ ကျောင်းသား ကျောင်းသူလေးများ၏ သွားပိုးပေါက်များနှင့် သွားနှင့်ပတ်သက်သော ရောဂါများကို စစ်ဆေးကုသပေးခဲ့ပြီး ဒေါက်တာမင်းဗညားမွန်မှ သွေးလွန်တုပ်ကွေးရောဂါအကြောင်း ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်သူနာပြုအုပ် ဒေါ်သိန်းသိန်းမွန်မှ အဟာရနှင့်ပတ်သက်၍ ပညာပေးဟောပြောပြီး ကျောင်းမုန့်ဈေးတန်းမှ ဆိုင်များအား ကျန်းမာရေး နှင့် ညီညွတ်သည့်မုန့်များ အစားအစာများရောင်းချမှု ရှိ၊ မရှိကို လိုက်လံစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။
 
ချိုမြတ်မြတ်ထွေး  ( ပြန်/ ဆက်)