ကျောင်းကုန်း ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
ယင်းသို့ ပေးအပ်ရာတွင် ကျုံပျော်ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းစိန်နှင့် ဦးထွန်းအေး၊ ခရိုင်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး ဦးမင်းနောင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် အတွင်းရေးမှူး ဦးစိုင်းရှိန်းလင်းထွန်းတို့က တောင်သူ ၇၆ ဦးအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


