ကျောင်းကုန်းမြို့နယ်တွင် (၆၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ၊ ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချအခမ်းအနား ကျင်းပ

ကျောင်းကုန်း  ၁၆ ဧပြီ

 


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် (၆၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ၊ ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် ရေစက်ချအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

 

d


ရှေးဦးစွာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်နှင့် သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ခဲ့ပြီး ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက သာသနာရေးဆိုင်ရာကိစ္စများ လျောက်ထားပြီး ကျင်းပရေးအကျိုးဆောင်ဥက္ကဋ္ဌ ဦးသန်းဌေးက ဗဟိုမင်္ဂလာမဏ္ဍပ်မှ စုစုပေါင်းငွေကျပ် (၄၁၆)သိန်းကျော် လှူဒါန်းနိုင်ခဲ့ကြောင်း လျှောက်ထားခဲ့သည်။

 


ထို့နောက် အကျိုးဆောင်အဖွဲ့ အလှူငွေရှာဖွေရေးအဖွဲ့ ဦးခင်လှက ရငွေသုံးငွေစာရင်းအား ရှင်းလင်းခဲ့ပြီး လှူဘွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့ကြရာ ကျပ်သိန်းတစ်သောင်းခွဲဆုရှင် မိသားစုက ကျပ် (၂၄၅)သိန်း လှူဒါန်းခြင်းကြောင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

d


ယင်းနောက် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်နာကြား၍ အနုမောဒနာတရားနာကြားကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

 


ဝင်းကြိုင်(ပြန်/ဆက်)