ကျောင်းနေအရွယ် ကလေးငယ်များ အာဟာရရှိစေရေး နွားနို့အာဟာရ တိုက်ကျွေး

ဇီးကုန်း ၂ ဩဂုတ် 


ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအာဟာရ ဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းစေရန် ရည်ရွယ်၍ နွားနို့တိုက်ကျွေးခြင်း အစီအစဉ်ကို ယနေ့နံနက် ၉နာရီခွဲက ဇီးကုန်းမြို့နယ် ဘုရားလမ်းရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ပြုလုပ်ခဲ့ကြာင်း သိရသည်။

 

1

 


ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က နိုင်ငံတစ်ဝှမ်း ကျောင်းနေအရွယ် ကလေးငယ်များ အာဟာရ ပြည့်ဝစေရေးကို ကဏ္ဍတစ်ရပ် အနေနဲ့ ဆောင်ရွက်နေရာ အဖွဲ့အစည်းများကလည်း တက်ညီလက်ပူးပေါင်း ကူညီဆောင်ရွက်နေမှုကို ဝမ်းမြောက်ကြောင်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်လှိုင်က ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေရာတွင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်တွင် ကာယဗလဖွံ့ဖြိုးစေရေးအတွက် ယခုလို နွားနို့နှင့် ကြက်ဥအာဟာရ တိုက်ကျွေးခြင်းကို ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းဦးက နွားနို့သောက်သုံးခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် နွားနို့တိုက်ကျွေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူ (၁၇၁) ဦးနှင့် တက်ရောက်လာသူများအား နွားနို့နှင့် ကြက်ဥအာဟာရများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်းအင်အား (၂၀ဝ) ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။


တင့်ဆွေ(ဇီးကုန်း)