ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ဒုတိယမြို့တော်ဝန် လာရောက်ကြည့်ရှုအားပေး

ပုဇွန်တောင်     ဇူလိုင်      ၉

ရန်ကုန်တိုင်း‌ဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အတွင်း/အပြင် သန့်ရှင်းသာယာလှပပြီး ကျောင်းသား/ကျောင်းသူများ လွတ်လပ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေး အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက ပုဇွန်တောင်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ၅၂ လမ်းရှိ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေး ဆောင်ရွက်လျှက်ရှိသည်။

အဆိုပါ ပုဇွန်တောင်မြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပ စေရေးအတွက် ဆောင်ရွက်နေမှုကို ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဒုတိယဌာနမှူးနှင့် ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးတို့လာရောက်၍ လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)