ကျောင်းသားကျောင်းသူများကို လိမ္မာယဉ်ကျေးပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန် ဖွံ့ဖြိုးလာအောင် သင်ကြားပေးကြရမည်

ပဲခူး မေ ၁၆

နိုင်ငံတော်မှ  ပညာရေးစနစ်သစ်ကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိရာ ဆရာ/ဆရာမများသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကပြောကြားသည်။

ယနေ့ နံနက်ပိုင်းတွင် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ ဝိုင်အမ်ဘီအေခန်းမ၌ ဖွင့်လှစ်သည့် တိုင်းဒေသကြီးအဆင့် Grade-11 (သင်ရိုးသစ်) နည်းပြသင်တန်းသို့ တက်ရောက်စဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က ကျောင်းသား/ သူများကိုသင်ကြားရာတွင် သင်တန်းမှ ပို့ချခဲ့သည့်အတိုင်း အပြည့်အဝ ပြန်လည်ပို့ချ သင်ကြားပေးရန်လိုကြောင်း ၊ လိမ္မာ ယဉ်ကျေးပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန် ဖွံ့ဖြိုးလာအောင် သင်ကြားပေးကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးပညာရေးမှူး က တိုင်းဒေသကြီးအဆင့် (သင်ရိုးသစ်) နည်းပြသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းကြီးကြပ်၊ နည်းပြ၊ သင်တန်းသား/ သူ၊ ဆရာ/ ဆရာမများအား  ထောက်ပံ့ငွေများ ပေးအပ်သည်။

        

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ မွမ်းမံ သင်တန်းဖွင့်ပွဲသို့ တက်ရောက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နည်းပြ၊ ကြီးကြပ်သူနှင့် သင်တန်းသား/သူ များအတွက်  ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်