ကော့သောင်း၊ မြိတ်မြို့နှင့် ကွမ်းလုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂၄ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၂၃ ရက် ည ၇ နာရီခွဲတွင် ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်နေ စောရန်နိုင်(ခ)သားသား၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၃,၄၅၅ ပြား ကိုလည်းကောင်း၊ ထိုနေ့ မွန်းတည့် ၁၂ နာရီတွင် မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်တွင် မသူဇာမော်(ခ)ပိစိကွေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း၊ ယနေ့ မွန်းလွဲ ၁ နာရီတွင် ကွမ်းလုံမြို့နယ်၊ ပြိန်းရဲကျေးရွာအုပ်စု၊ ရှင်လုံကျိုင်းကျေးရွာအနီး၊ ရော်ဘာ တောရှိ မရင်မိန်း နေထိုင်သည့်တဲသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၂,၀၀၀၊ ဘိန်းဖြူ သုည ဒသမ ၆၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)