ကော့သောင်းခရိုင် မုန်တိုင်းသဘာဝဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကော့သောင်း ၃ ဇန်နဝါရီ 

 

တောင်တရုတ်ပင်လယ် ဗီယက်နန်ကမ်းလွန်ပင်လယ်ပြင်၌ ဖြစ်ပေါ်လျှက်ရှိသော အပူပိုင်းမုန်တိုင်း PABUK (ပါဘက်) သည် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းနှင့် မြိတ်မြို့များအနီးမှ ဖြတ်ကျော်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံနှင့် နိုင်ငံတကာ မိုးလေဝသသတင်းထုတ်ပြန်ချက်များအရ မြို့နေပြည်သူများ သတိပြုနိုင်ရေး သဘာဝဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းအဖြစ် ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးရှေ့ရှိ နံရံကပ်မြေစိုက်ဘုတ်တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး စာစောင်နှင့်သတိပေးနှိုးဆော်ချက်များ ခင်းကျင်းပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

DSC02703 ကော့သောင်း (1)

 

ဆောင်ရွက်မှုတွင် ခရိုင်ဦးစီးမှူး ဒေါ်ဇင်နန္ဒာဦးနှင့် ခရိုင်ရုံးဝန်ထမ်းများက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထုတ် မုန်တိုင်းဘေး၊ မြေပြိုဘေး၊ ရေကြီးဘေး အသိပညာပေး လက်ကမ်းစာစောင်များ၊ ကြိုတင်သတိပေးဗီနိုင်းပိုစတာများ၊  လာမည့်ရက်ပိုင်းအတွင်း ဖြစ်ပေါ်လျှက် မြန်မာနိုင်ငံ တောင်ပိုင်းဒေသ ကော့သောင်းမြို့နှင့် မြိတ်မြို့များအနီးမှဖြတ်သန်းတိုက်ခတ်မည့် အပူပိုင်းမုန်တိုင်း ပါဘက် ဖြတ်သန်းရာလမ်းကြောင်းခန့်မှန်းချက်များ၊ ဖြတ်သန်းတိုက်ခတ်စဉ် လေတိုက်နှုန်းများနှင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်ခန့်မှန်းချက်များ၊ ပြည်သူများကြိုတင် ကာကွယ်မှုဆောင်ရွက်နိုင်မည့် အစီအမံများအား အသိပေးထားသည့်စာစောင်များ အားနံရံကပ်မြေစိုက်ဘုတ်တွင် အသိပညာပေး ခင်းကျင်းပြသခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

ကျော်စိုး(ကော့သောင်း) 

 

DSC02703 ကော့သောင်း (2)