ကော့သောင်းမြို့နယ်တွင် အိုက်စ်များဖမ်းဆီးရမိမှု

နေပြည်တော်    ၂၉   မတ် 
    

တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် မတ် ၂၄ ရက် မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ်၊ မြောက်တော်ဝင်ကျွန်း အနောက်ဘက် ရေမိုင်(၂၀)မိုင်ခန့်အကွာတွင် တွေ့ရှိသေ ာစက်လှေကို စစ်ဆေးရှာဖွေရာ ၎င်းစက်လှေ ပေါ်မှ မင်းသိန်း၊ ချစ်လွင်၊ မင်းဇော်၊ အောင်စိုး၊ ဇော်ဝင်း၊ စိန်ဝင်းမောင်နှင့် ကျော်သူဇင်တို့အား အိုက်စ် ၁,၇၃၇ ကီလို၊ Satellite Phone ၁ လုံး၊ GPS SAMYUNG NF 500 ၁ လုံး၊ လေအိုး ၂ လုံးနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်း ရမိခဲ့သည်။
 

ကွင်းဆက်အရ မတ် ၂၅ ရက် နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု(၄၀)(ရန်ကုန်-မြောက်)နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(၄၂) (ရန်ကုန်-အနောက်)တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးများပိုင်ရှင် တင်ဆန်းဦး ငှားရမ်း နေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်း၏ဇနီး မနော်ကေခိုင်အား တွေ့ရှိပြီး ငွေစုဘဏ် စာအုပ်(၇)အုပ်၊ ATM ကတ် (၂)ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။
 

ကွင်းဆက်အရ ညနေ ၅ နာရီခန့်တွင် တောင်ကြီးမြို့နယ်၊ တောင်ကြီး-ကလော ကားလမ်း၊ အောင်သပြေတိုးဂိတ်၌ တင်ဆန်းဦး ပိုင်ဆိုင်သည့် NISSAN အမျိုးအစား (၁၂)ဘီးမော်တော်ယာဉ်မောင်းနှင်လာသူ ယာဉ်မောင်း မြင့်မြတ်အား လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အလားတူ ကွင်းဆက်အရ မတ် ၂၆ ရက် နံနက် ၇ နာရီခွဲတွင် မူးယစ် တပ်ဖွဲ့စု(၄၉)ပုသိမ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆတ်သွားကျေးရွာ၌ စက်လှေပိုင်ရှင် မမိုးမိုးလွင်(ခ)မမိုးမိုးအား ဖမ်းဆီးရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


MDN