ကော့သောင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကော့သောင်း  ၃၀ ဇူလိုင် 


ကော့သောင်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို   ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။


အစည်းအဝေးတွင်  မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။ 


ယင်းနောက် ကော့သောင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကြည်အေးက ကလေးသူငယ်ဖြစ်ရပ် စီမံခန့်ခွဲခြင်း လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။


ဆက်လက်၍  World Vision Myanmar ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံကိန်းမန်နေဂျာ ဒေါ်နော်မာသောက World Vision Myanmar (ကော့သောင်း)မှ ဆောင်ရွက်ခဲ့သည့် ဒေသအတွင်း ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။


ယင်းနောက် World Vision Myanmar ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ဇုန်ညှိနှိုင်းရေးတာဝန်ခံ ဒေါ်ခေတ္တာအောင်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဖြစ်ရပ်များအား ထိရောက်စွာ တုန့်ပြန်ဆောင်ရွက်နိုင်ရန် မြို့နယ်အဆင့် ညွှန်းပို့စနစ် တည်ဆောင်ခြင်းနှင့် ပတ်သက်သည်များကို ရှင်းလင်း ပြောကြား အတည်ပြုချက်ရယူပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းခဲ့ကြသည်။


အဆိုပါအစည်းအဝေးသို့ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ လူကုန်တားရဲတပ်ဖွဲ့ ၊NGO အဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များ၊ ကလေးသူငယ်များအား လူကုန်ကူးမှုဆက်စပ် သည့်ကိစ္စများ၊ ကလေးသူငယ် အခွင့်အရေးများ နှင့် ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ် ဆိုင်ရာဥပဒေ အကြောင်းအရာများအား ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


ကျော်စိုး (ကော့သောင်း)