ကော့သောင်းမြို့နယ်တွင် နေအိမ်ပေါ်တက်၍ ဓားထောက်လုယက်မှုဖြစ်၊ သိန်း ၅၀ဝ ကျော် လုယက်ခံရ

ကော့သောင်း  ၅  သြဂုတ်


တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ဆယ်မိုင်ကျေးရွာတွင် သြဂုတ် ၄ ရက် ညပိုင်းက နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ဓားထောက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

1

 


ဖြစ်စဉ်မှာ သြဂုတ် ၄ ရက် နံနက် ၁ နာရီခန့်တွင် ဆယ်မိုင်ကျေးရွာ ဗိုလ်ချုပ်လမ်းနေ ဦးအောင်စိုး (၆၆) နှစ်သည် နေအိမ်၌ အိပ်ပျော်နေစဉ် အမည်မသိ (လူမြင်မှတ်မိ)သူတစ်ဦးမှ အိမ်၏ တံခါးမကြီးကို သော့တူဖြင့် ဖွင့်၍ အိမ်အပေါ်ထပ်သို့ တက်ရောက်ပြီး ဓားဖြင့်ထောက်ကာ အိမ်ရှင် ဦးအောင်စိုး၏  လည်ပင်းနှင့် လက်အား ကြိုးဖြင့်ချည်နှောင်၍ အိပ်ယာဘေးတွင် အသင့်တွေ့ရှိသည့် ငွေကျပ် သိန်း(၂၀)နှင့် မီးခံသေတ္တာအတွင်းမှ ရွှေ၊ ငွေနှင့် လက်ဝတ်ရတနာပစ္စည်းစုစုပေါင်း ကာလတန်ဖိုး (၅၈၃)သိန်း ခန့်အား လုယက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

 

1

 


ဖြစ်စဉ်နှင့် ပတ်သက်၍ ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တရားခံအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကျော်စိုး(ကော့သောင်း)

 

1