ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဆောက်အဦတချို့ပျက်စီး

ကော့သောင်း၊ ဧပြီ ၁၉

 

ကော့သောင်းမြို့တွင် ဧပြီ ၁၈ ရက် ညနေပိုင်းက မိုးသည်းထန်ရွာရွာသွန်းပြီး လေပြင်းများ ရုတ်တရက်တိုက်ခတ်မှုကြောင့် အပင်များကျိုးကျကာ ဆောက်အဦတချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

 

မိုးကြိုးများပစ်၍ ရုတ်တရက်လေပြင်းများ တိုက်ခတ်လာပြီး မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်အတွင်းရှိ လူဝင်မှုနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းအိမ်ရာအနီးရှိ သရက်ပင်ကြီးကျိုးကျသဖြင့် တိုက်ခံတစ်ထပ် နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ရာမှ  သွပ်အမိုးနှင့် မျက်နှာကျက်များ ပျက်စီးခဲ့သည်။

 

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်းနှင့် ကော့သောင်း ခရိုင်နှင့် မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ၏ စီစဉ်မှုဖြင့် နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များ၊ လျှစ်စစ်ဓာတ်အားပေးရေးဌာန တာဝန်ရှိသူများက လိုအပ်သည့် ကူညီရှင်းလင်းမှုလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)