ကော့သောင်းနှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် မူးယစ်ဆေးများ ဖမ်းဆီးရမိ

နေပြည်တော်  မတ် ၂၁ 

တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၁၉ ရက် မွန်းလွဲ ၁၂ ခွဲတွင် ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ လုံးဖောကျေးရွာအုပ်စု၊ ဆိပ်ဖူးကျေးရွာအနီး၊ အောင်ချမ်းသာ-မာရမ်း ကျေးရွာသွားကားလမ်းပေါ်တွင် သိန်းလွင်(ခ)ဂျွန်ဂို ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၆၀၀ ကိုလည်းကောင်း။

မတ် ၂၀ ရက် နံနက် ၇ နာရီတွင် ပြင်ဦးလွင်မြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ အနီး၊ မိုးကုတ်-ပြင်ဦးလွင်သွားကားလမ်းတွင် ကျော်နိုင် မောင်းနှင်လာသည့် SUZUKI CARRY DA63T အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၁၁ နာရီ တွင်ချမ်းမြသာစည် မြို့နယ်၊ ကန်သာယာရပ်ကွက်နေ မအေးရွှေ(ခ)ချစ်မကြီးကို ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား