ကျေးရွာလျှပ်စစ်မီးလင်းရေးနှင့် ရေရရှိရေးအောင်ပွဲအခမ်းအနား မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်ဖွင့်လှစ်

စေတုတ္တရာ  ၂၆ မေ    

 

စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆောင်ရွက်မူဖြင့် ဖွင့်လှစ်သော ကျေးရွာလျှပ်စစ်မီးလင်းရေးနှင့် ရေရရှိရေးအောင်ပွဲ အခမ်းအနားကို မေ ၂၆ ရက်နေ့ နံနက် ၉ နာရီက စေတုတ္တရာမြို့နယ် မုန်ညှင်းကျေးရွာအုပ်စု ခဲပြစ်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ကျေးရွာလျှပ်စစ်မီးလင်းရေးနှင့် ရေရရှိရေးအောင်ပွဲ အခမ်းအနားကို  မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ တိုင်းဒေသကြီး(၁)လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။

 

ge 03.j

 

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ အမှာစကားပြောကြားသည်။ ယင်းနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးမှ မိမိတို့ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အလားတူပင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်မှလည်း မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမူများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်မှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း နှင့်ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျေးရွာရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 

 

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ ကျေးရွာရေရရှိရေးအတွက် ဆောင်ရွက်ပြုလုပ်ထားသော တွင်းနက်တူးဖော်ထားခြင်းနှင့် ရေမြှုပ်ပန့်တပ်ဆင်ထားမူအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)

 

04.jp