ကျေးရွာနေပြည်သူများ နွေရာသီကာလ သောက်သုံးရေဖူလုံစေရန် ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ လှူဒါန်း

ညောင်ဦး        မေ       

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သဲပြင်တောကျေးရွာ၌ ဒေသခံပြည်သူများ သောက်သုံးရေ အခက်ကြုံ နေရကြောင်း သိရ၍ ယနေ့ နံနက် ၈ နာရီက ညောင်ဦးမြို့ မြင့်မြတ်သူစေတနာ သွေးလှူရှင်နှင့် လူနာတင်ယာဉ် ကူညီမှုအသင်းက ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစေရေး ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ သောက်သုံးရေလှူဒါန်းပေးခြင်းကို ညောင်ဦးမြို့ မြင့်မြတ်သူစေတနာ သွေးလှူရှင်နှင့် လူနာတင်ယာဉ် ကူညီမှုအသင်းမှ ဦးအောင်ငြိမ်း ဦးဆောင်သော ပရဟိတအသင်းသားများက ညောင်ဦးမြို့နယ် သဲပြင်တော ကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၀၀၀  အား နွေရာသီကာလ သောက်သုံးရေ ဖူလုံစေရန် အတွက် အိမ်ထောင်စုလူဦးရေအလိုက် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ ပရဟိတအသင်းမှ အဖွဲ့ဝင် ဦးအောင်ငြိမ်း က ပြောသည်။

 

ညောင်ဦးမြို့ မြင့်မြတ်သူစေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရပ်ဝေးရပ်နီးမှ သောက်သုံးရေ ကုသိုလ်ရှင်များ၏ ပံ့ပိုးမှုဖြင့် နေ့စဉ်သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိကြောင်း သိရပြီး ဒေသတွင်းရှိ ကျေးရွာနေပြည်သူများအနေဖြင့် သောက်သုံးရေ အခက်ကြုံပါက ညောင်ဦးမြို၊ မြင့်မြတ်သူစေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းရုံး ဖုန်း ၀၆၁ ၂၄၆၀၅၀၀ သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)