ခွဲစိတ်မှုသုံးနည်းပညာမြင့်စက်ရုပ်များကို ဂျပန်ကုမ္ပဏီများ စီးပွားဖြစ်တီထွင်ထုတ်လုပ်

တိုကျို ဇွန် ၁၀

ခွဲစိတ်မှုဆိုင်ရာ စက်ရုပ်နည်းပညာ စျေးကွက်ထဲသို့ ဂျပန်နည်းပညာ ကုမ္ပဏီအများအပြား ဝင်ရောက် လာကြပြီး ခွဲစိတ်မှုသုံးစက်ရုပ်ဖြင့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုကိုမြှင့်တင်ရန်နှင့် တစ်နိုင်ငံလုံး ဆရာဝန်ရှားပါးမှုကို သက်သာစေ မည့် ဆန်းသစ်တီထွင်မှုများကို လုပ်ဆောင်လျက်ရှိသည်။

အနုစိတ် ခွဲစိတ်မှုနည်းပညာ အကူအညီ စက်ရုပ်သစ်၏ရှေ့ပြေးပုံစံကို မကြာသေးမီတွင် ဆိုနီ နည်းပညာအုပ်စုက ထုတ်ဖော်ပြသခဲ့ကာ ယင်းစက်ရုပ်သည် အဏုကြည့် မှန်ပြောင်းဖြင့် ကြည့်ရှုပြီး သွေးကြောများကို ချုပ်ခြင်းကဲ့သို့သော အနုစိတ်သိမ်မွေ့စွာ လုပ်ဆောင်ရသော ကုသရေး လုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သည့် လှုပ်ရှားမှုများကို ပိုမိုတည်တည်ငြိမ်ငြိမ် တိတိကျကျဖြင့် ဖန်တီးလုပ်ဆောင်ပေးနိုင်သည်။ အဆိုပါစနစ်တွင် အရောင်၊ အသွင်အပြင်နှင့် အတိမ်အနက်ကို အသေးစိတ်ပြသပေးနိုင်သည့် ကြည်လင်ပြတ်သားသော ဖန်သားမျက်နှာပြင်လည်း ပါရှိသည်။

ခွဲစိတ်မှုသုံး စက်ရုပ်များ၏ အကောင်းဆုံး အားသာချက်မှာ လူသားများ၏ အရည်အချင်းကို မြှင့်တင်ပေးနိုင်ပြီး အဆင့်မြင့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုကို တိုးချဲ့ရန် အခွင့်အလမ်း ဖြစ်ကြောင်း ဆိုနီနည်းပညာအုပ်စုမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မီကာမီခဲအိက ပြောသည်။

ယင်းကဲ့သို့သော စက်ရုပ်များကို ဂျပန်နည်းပညာကုမ္ပဏီ မက်ဒီကာ ရိုက်က ၂၀၂၀ ပြည့်နှစ်က စီးပွား ဖြစ်ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းအတွင်းပိုင်း အနုစိတ်ခွဲစိတ်ကုသမှု ပေါင်း ၅၀၀၀ ကျော်ကို ကူညီ လုပ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။

အင်န်အိတ်ချ်ကေ