ချစ်သူအပေါ်သဝန်တိုတတ်တယ်

၂၇ ဒီဇင်ဘာ

 

"တံခါးဖွင့်ထားပါတယ်” တေးသီချင်းဖြင့် ပရိသတ်စိတ်ဝင်စားမှု၊ အားပေးမှုရရှိထားသည့် ရွှေထူးက မကြာသေးမီ က စာအုပ် တေးစီရီး တစ်ကိုယ်တော် အမ်တီဗီထွက်ရှိထားသူလည်းဖြစ်သည်။ တေးသီချင်းများကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုခဲ့သူလည်းဖြစ်ကာ ပက်ပက်စက်စက်ညို့ ဇာတ်ကားနှင့်လည်း အမျိုးသမီးငယ်များ၏ အားပေးခြင်းခံရသည်။

 

“ဖေဖော်ဝါရီမှာ ကျွန်တော့်ရဲ့ဒုတိယမြောက်စီးရီးကို ထွက်ဖို့ကြိုးစားနေပါတယ်။ ရုပ်ရှင်လည်းရိုက်ကူးဖို့ ရှိသလို နယ်ရှိုးတွေလည်း လက်ခံထားတာရှိပါတယ်။ အဆိုပိုင်းကနေ သရုပ်ဆောင်ဘက်ရောက်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး။ အမ်တီဗီရိုက်ရိုင်း ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းခံရတယ်။ သူငယ်ချင်းတွေအားလုံးကလည်း အားပေးကြတယ်။ ကြိုးစားကြည့်တာပါ။ ပရိသတ်ကလည်း လက်ခံတယ်။ ကျွန်တော့်လိုအပ်ချက်တွေကိုလည်း အားလုံးက ဝိုင်းပြီးအကြံဉာဏ်ပေးကြတယ်။ ကျွန်တော်ကြိုးစားလျှောက်လှမ်းကြည့်ရမှာပါ”ဟု ရွှေထူးကပြော ကြားသည်။

 

ရွှေထူးအနေဖြင့် အဆိုပိုင်းနှင့် သရုပ်ဆောင်ပိုင်းကို အကန့်အသတ်များဖြင့် အချိန်ခွဲဝေကာလုပ်ဆောင်သွား မည်ဖြစ်ပြီး ယခုအခါ အခွေထွက်ရှိရန် ကြိုးစားနေချိန်မို့ ရိုက်ကူးရန် အသင့်မဖြစ်သေးကြောင်း၊ ခန့်မှန်းခြေ မတ်လဝန်းကျင်တွင် ရုပ်ရှင်ဇာတ်ကားများ စတင်ပြန်လည်ရိုက်ကူးရန် လျာထားကြောင်းသိရသည်။

 

လာမည့်နှစ်တွင် ပုံစံအနည်းငယ်ပြောင်းလဲရန် ရည်စူးထားပြီး ပရိသတ်အတွက် ဆန်းသစ်မှုများ ပေးစွမ်းနိုင်ရန် ကြိုးစားနေကြောင်း၊ လာမည့်နှစ်ရိုက်ကူးမည့်ဇာတ်ကားမှာ အချိုးမပြေသည့် ဂျစ်ကန်ကန်ကောင်လေးတစ်ဦး အနေဖြင့် သရုပ်ဆောင်ရမည်ဖြစ်ခြင်းကြောင့် ကာရိုက်တာပိုင်းကို ကြိုတင်လေ့ကျင့်ကြည့်နေကြောင်း၊ မိသားစု နှင့် ပရိသတ်သည် အရေးကြီးသည့် ရွှေထူး၏ ဘဝအစိတ်အပိုင်းပင်ဖြစ်ကြောင်း ရွှေထူးက ဆိုသည်။

 

အချစ်ရေးနှင့်ပတ်သက်၍ အဆိုတော် ရွှေထူးက “သဝန်တိုတာမရှိဘူးဆိုတာ ကျွန်တော်အလုပ်ပေါ်မှာ ဘယ်လို စိတ်ရှိလည်းဆိုတာသူသိတယ်။ အဲဒါကြောင့်လည်း သူဘယ်တော့မှ ဝင်မစွက်ဖက်ဘူး။ ကျွန်တော်လိုအပ်တာ တွေကိုထောက်ပြပေးတယ်။ သူက ဝေဖန်ပေးတယ်။ လုပ်ငန်းခွင်ထဲလည်း ရောက်နေပြီဆိုတော့ အသက်အပိုင်း အခြားအရ သဝန်တိုနေလို့တော့မရပါဘူး။ ကျွန်တော်တို့ဘဝတွေအတွက် ကြိုးစားရမယ်ဆိုတာပဲ တွေးပါတယ်” ဟု ရွှေထူးက အချစ်ရေးနှင့် ပတ်သက်၍ ပြောကြားသည်။

 

ကိုလင်း