ချောက်မြို့အနောက်မြောက်ဘက်တွင် အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ရှား

နေပြည်တော်  ၆  မေ

 

၂၀၂၀ ပြည့်နှစ်၊ မေလ (၆)ရက်နေ့၊ မြန်မာစံတော်ချိန် (ဝ၄)နာရီ၊ (၄၅)မိနစ်၊ (ဝ၆)စက္ကန့် အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂၆)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့၏ အနောက်မြောက်ဘက် (၁၈)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.ဝ၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၇)ဒီဂရီ၊ အနက် (၃၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

 

MDN