ချောက်မြို့၌ သစ်ပင် (၁၁၀၀) ပင် စုပေါင်းစိုက်ပျိုး

ချောက်  ဇွန်    ၁၆

 

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် သစ်တောသစ်ပင်များဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊   ဒေသတွင်းအပူချိန် လျော့ကျလာစေရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်း ကာကွယ်ရေးတို့အတွက် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၁၅ ရက်က အမှတ်(၁)ရပ်ကွက် အောင်မင်္ဂလာကုန်း၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

ချောက်မြို့အောင်မင်္ဂလာဆရာတော်အမှူးထား၍အမှတ်(၁)ရပ်ကွက်ရေအိုးစင်ရပ်နေပြည်သူများ နှင့် ရန် ကုန်စက်မှုတက္ကသိုလ် ၈၂ခုနှစ်၊ကျောင်းသားဟောင်းများအဖွဲ့မှ ​ဆောင်ရွက်ခဲ့သည်။

   အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့

 

ထိုသို့သစ်ပင်စိုက်ပျိုးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ပြီး ရန်ကုန်စက်မှုတက္ကသိုလ် ၈၂ ခုနှစ်၊ ကျောင်းသားဟောင်းများအဖွဲ့နှင့် ပြည်သူများ စုစုပေါင်းယင်းမာ (၁၅၀)ပင်၊ စိန်ပန်း (၂၀၀)ပင်၊ ပိတောက် (၃၀၀)ပင်၊ ငုဝါ (၃၀၀)ပင်၊ သပြေဘူတ (၁၅၀)ပင် စုစုပေါင်း ပျိုးပင် (၁၁၀၀) ပင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)