ချောက်မြို့နယ် ဆင်ကကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ချောက် ၁၁ မတ် 


ချောက်မြို့နယ်၊ ထိန်ကန်အုပ်စု ဆင်ကကျေးရွာတွင် မတ် ၁၀ ရက် ည ၉ နာရီ မိနစ် ၄ဝ ခန့်က ကျေးရွာနေ ဦးရန်ကြီးအောင်၏ နေအိမ် ဘုရားစင်တွင် ဖယောင်းတိုင်မီးပူဇော်ရာမှ နေအိမ်ထန်းရွက်အကာသို့ မီးစတင်လောင်ကျွမ်းရာ နေအိမ် ၁၃ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။


မီးလောင်ရာနေရာသို့ ချောက်မြို့နယ် ရဲမှူး သိန်းဌေးဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီး ဦးစိုးညွန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၅)စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


မီးလောင်မှုကြောင့် အိမ်ထောင်စု (၁၃)စုရှိ အမျိုးသား(၂၃)ဦး၊ အမျိုးသား(၂၇)ဦး စုစုပေါင်း (၅၀)ဦးတို့ မီးဘေးသင့်ခဲ့ရပြီး ဆင်ကကျေးရွာ အရှေ့ဘက်ရှိ စူဠမဏိဘုရား စေတီဝန်းအတွင်း နေရာချထားကာ လူနှင့် တိရစ္ဆာန် ထိခိုက်၊ သေဆုံးမှုမရှိကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးရန်ကြီးအောင်အား  ချောက်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ချောက်(ပြန်/ဆက်)မှ သိရှိရသည်။


MDN