ချောက်မြို့နယ်၌ အ​ခြေခံ​ရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၂/၂၀၂၃) ဖွင့်ပွဲကျင်းပ

ချောက်  ဇူလိုင်   ၁

 

မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် ပညာ​​ရေးဌာနနှင့် မြို့နယ်ကြက်​ခြေနီအသင်းတို့ ပူး​ပေါင်းဖွင့်လှစ်​သော အ​ခြေခံ​ရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၂/၂၀၂၃) သင်တန်း ဖွင့်ပွဲကို ယ​နေ့ နံနက် ၈ နာရီခွဲက အမှတ်(၁) အ​ခြေခံပညာအထက်တန်း​ကျောင်းရှိ မြရိပ်ညိုခန်းမတွင် ကျင်းပခဲ့သည်။

 

​​ရှေးဦးစွာ မြို့နယ်ပညာ​ရေးမှူး​ ဒေါ်ခင်​လေးဖြူက အဖွင့်အမှာစကား​​​ ပြောကြား​ပြီး မြို့နယ်ကြက်​ခြေနီ သူနာပြုတပ်ဖွဲ့တပ်ခွဲမှူး ဦးသန်းဝင်းက ကြက်​ခြေနီသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း​ပြောကြားခဲ့သည်။

         

အဆိုပါ အ​ခြေခံ​ရှေးဦးပြုစုခြင်းသင်တန်းကို​ ဇူလိုင်လ ရက်နေ့မှစ၍ နေ့စဉ် နံနက် နာရီမှ ၁၁ နာရီအထိ နည်းပြဆရာ (၅)ဦးမှ (၄)ရက်တာ​ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များတွင် စာ​တွေ့ လက်​တွေ့ သင်ကြားပို့ချသွား မည်ဖြစ်ပြီး သင်တန်းတွင် သင်တန်းသား/သူ  စုစု​ပေါင်း ၄၂ ဦး တက်​ရောက်ခဲ့​ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)