ချောက်မြို့နယ်တွင် စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော အစားအသောက်များ ဈေးကွက်အတွင်း ထပ်မံရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး

ချောက် ၇ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် စည်ပင်သာယာရေး မြို့မစျေးကြီးအတွင်း ရောင်းချနေသော ဈေးဆိုင်များတွင် စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော အစားအသောက်များ ဈေးကွက်အတွင်း ထပ်မံရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော်မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော အစားအသောက် အမှတ်တံဆိပ်(၄)မျိုးဖြစ်သည့် လာရှိုးအမှတ်တံဆိပ် ပဲငပိ၊ ဘုတ်ဆုံမအမှတ်တံဆိပ် အရောင်တင်မှုန့်၊ ရွှေကံ့ကော်အမှတ်တံဆိပ် အရောင်တင်မှုန့်၊ ရွှေကံ့ကော်အမှတ်တံဆိပ် ငရုတ်အလှော်မှုန့်များအား စျေးကွက်အတွင်း ထပ်မံရောင်းချခြင်း မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းကို  ချောက်မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့၀င်များ၊ မြို့မစျေးကော်မတီ အဖွဲ့များနှင့် မြို့နယ်စာသုံးသူရေးရာ ဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မချို(ပြန်/ဆက်)