ချောက်မြို့နယ်တွင် ဧရာဝတီမြစ်ရေ ကျဆင်းသဖြင့် စာသင်ကျောင်း တစ်ကျောင်း ပြန်လည်ဖွင့်လှစ်

ချောက်  ၂၉  ဇူလိုင်


ချောက်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း သုံးကျောင်း ပိတ်ထားရာမှ တစ်ကျောင်းအား ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 


ချောက်မြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ကျွန်းသစ်အရှေ့(အမက)၊ သာစည်ကျွန်း(အမက)၊ လက်ပံရွာမ (မူလွန်)ကျောင်း သုံးကျောင်းကို ဇူလိုင် ၂၃ ရက်မှ စတင်၍ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။


ယခုအခါ လက်ပံရွာမ(မူလွန်)ကျောင်းအား မြစ်ရေကျဆင်းသဖြင့် ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၁၅၈ ဦးအား ဆရာ ဆရာမ ကိုးဦးတို့မှ ပြန်လည်သင်ကြား ပေးလျက်ရှိကြောင်း ချောက်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။


ကျော်မိုး(ပြန်/ဆက်)