ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာ၌ ကျွဲ၊ နွား အကောင် ၅၁၀ အား ခွာနာလျှာနာ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံ

ချောင်းဆုံ ဩဂုတ် ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာတွင် ဩဂုတ် ၁၆ ရက် နံနက်က ကျွဲ၊ နွား အကောင်ရေ ၅၁၀ ကို ခွာနာ လျှာနာ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းကို မော်လမြိုင်ခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာအေးချမ်း၊ မြို့နယ်(မွေး/ကု)ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နွဲ့နွဲ့ရီ၊ ဒေါက်တာအေးမင်းနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက ဒရယ်ကျေးရွာရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ရောဂါများအကြောင်းကို မွေးမြူရေးလုပ်ကိုင်သည့် ပြည်သူများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)