ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးမှု ၂၄၄၆၄ ဧက ပြီးစီး

ချောင်းဆုံ ဇွန် ၂၃

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပြည်သူများ ဒေသတွင်း ဝမ်းစာစပါးဖူလုံစေရေးနှင့် တောင်သူများ ဝင်ငွေတိုးရန် တွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး စိုက်ပျိုးဧက ၆၅၂၄၂ ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိရာ တောင်သူများ လယ်ယာလုပ်ငန်းခွင်များ စတင်ချိန်မှစ၍ ဇွန် ၂၃ ရက်နေ့အထိ မိုးစပါး ဧက ၂၄၄၆၄ ဧက စိုက်ပျိုးပြီးဖြစ်၍ ၃၇ ဒသမ ၄၉ ရာခိုင်းနှုန်း စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု လျာထားချက် ပြည့်မီကျော်လွန်စေရေး၊ မျိုးကောင်း မျိုးသန့်စပါးများ စိုက်ပျိုး၍ အထွက်နှုန်း တိုးစေရေးအတွက် စိုက်နည်းစနစ်၊ သဘာဝမြေဩဇာ သုံးစွဲမှုစနစ် မှန်ကန်စေရေးတို့အတွက် တောင်သူများအား ပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဇွန် ၂၃ ရက်အထိ စိုက်ပျိုးရန် မြေပြင်ပြီးစီးမှု ဧက ၄၅၂၆၀၊ ပျိုးထောင်ပြီး ၃၈၂၃ ဧကနှင့် စိုက်ပျိုးပြီးစီးမှု ၂၄၄၆၄ ဧက ရှိပြီးဖြစ်ကြောင်း တောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)