ချောင်းဆုံ ဇွန် ၉
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ခြင်းဆိုင်ရာ မိဘအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့ မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက ကလေးငယ်များ ကာယ၊ ဉာဏဖွံ့ဖြိုးရေးဆိုင်ရာအကြောင်းအရာများနှင့် ကျန်းမာရေးမှူး အဆင့်(၁) ဦးမြင့်ဝင်းက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ကလေးသူငယ် ကျန်းမာဖွံ့ဖြိုးရေး ပြုစုပျိုးထောင်ခြင်းဆိုင်ရာ အကြောင်း အရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)


