ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်ပြီး မြို့တွင်းလှည့်လည်အသိပညာပေး

ချောင်းဆုံ ဇူလိုင်  ၂

 

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အကြုံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် အသိပညာပေးရေးအဖွဲ့နှင့် သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီတို့ ပူးပေါင်းပြီး ယမန်နေ့ ညနေပိုင်းက ချောင်းဆုံမြို့ပေါ် (၃) ရပ်ကွက်နှင့် ကရင်ဝင်းစိန်၊ မုရစ်ကြီး၊ တကူကနာ ကျေးရွာများသို့ လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ အသိပပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန်၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်များတွင် ဆောင်ရွက်ထားရမည့် အချက်များကို ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးရေး အဖွဲ့ဖြစ်သည့် ထွေ/အုပ်၊ ကျန်းမာရေး၊ လဝက၊ ပညာရေး၊ စည်/ပင်၊ မီးသတ်၊ ပြန်/ဆက်၊ ယ.ထ.က ဌာနတို့မှ ပူးပေါင်း၍ အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)

mdn