ချောင်းသာကြီး ကျေးရွာတွင် စက်လှေနစ်မြုပ်ခဲ့၍ ပျောက်ဆုံးနေသူ နှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းရှာဖွေလျက်ရှိ

ဂွ     ၅     သြဂုတ်     
    

ရခိုင်ပြည်နယ်  ဂွမြို့  ချောင်းသာကြီး ကျေးရွာတွင် ယမန်နေ့ညနေ (၅)နာရီအချိန်က ကွမ်းညွန့်များခူးပြီး ဂွမြို့ဘက်သို့ ပြန်လာသည့် ဟွန်ဒါစက်လှေပေါ်တွင် ယာဉ်မောင်း အေးမင်းထွန်း၊ ဇော်နိုင်ဦးနှင့် အခြားသူတစ်ဦး လိုက်ပါလာရာ စက်လှေသည် ချောင်းရေလည်ဝဲတွင် အရှိန်မထိန်းနိုင်ဘဲ နစ်မြုပ်ခဲ့ကြောင်းနှင့် စက်လှေပေါ်လိုက်ပါလာသူ သုံးဦးတွင် ဇော်နိုင်ဦး တစ်ယောက်သာ ချောင်းတစ်ဖက်ကမ်းသို့ ကူးခတ်လွတ်မြောက်လာပြီး ကျန်သူနှစ်ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ပျောက်ဆုံးသူနှစ်ဦးကို ယနေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်မီးသတ်စခန်းမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သတင်းရရှိသည်။


MDN

 

2