ချောင်းဦးမြို့၌ ဆောင်းနေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် နေကြာမျိုးကောင်းမျိုးသန့် မျိုးစေ့များ ပေးအပ်

 

ချောင်းဦး စက်တင်ဘာ ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက အကျိုးဆောင် တောင်သူများအား ဖိတ်ကြား၍ ဆောင်းနေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြားပေးပြီး နေကြာမျိုးကောင်းမျိုးသန့်မျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမောင်မောင်မျိုးခိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ ဆောင်းနေကြာ လျာထားစိုက်ဧက ပြည့်မီကျော်လွန်ဖို့ရန်၊ တောင်သူများ အလွယ်တကူ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်၊ မျိုးကောင်းမျိုးသန့်များ အလွယ်တကူရရှိစေရန်၊ တောင်သူများ အထွက်နှုန်းတိုးပြီး တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်လာစေရန်၊ ပြည်တွင်းစားသုံးဆီ ဖူလုံစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် နည်းပညာပေးသင်တန်းသို့ တက်ရောက်လာသည့် ကျေးရွာအုပ်စု ၁၉ အုပ်စုမှ တောင်သူ ၁၅အား တာဝန်ရှိသူများမှ ရေဆင်းစပ်မျိုး () နေကြာမျိုးစေ့ အိတ်များ ဖြန့်ဖြူးပေးအပ်ခဲ့သည်။

 

mdn

 

ချောင်းဦးမြို့နယ်အနေဖြင့် ဆောင်းနေကြာ စိုက်ပျိုးရန် ၂၆၃၁ ဧက လျာထားပြီး သီးထပ်အဖြစ် သီးသန့်စိုက်ပျိုးသူများရှိသလို ကုလားပဲနှင့် ဂျုံစိုက်ခင်းများအတွင်း သီးညှပ်အဖြစ် စိုက်ပျိုးကြကြောင်း၊ ယခုနည်းပညာပေး သင်တန်းနှင့်အတူ နေကြာမျိုးကောင်း မျိုးသန့်ဖြစ်သည့် ရေဆင်းစပ်မျိုး () နေကြာမျိုးစေ့အိတ်များ တစ်ဧက တစ်အိတ်နှုန်းဖြင့် ဧက ၅၀၀ စာ အိတ် ၅၀၀ ကို တောင်သူများလက်ဝယ်သို့ ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ဝင်းမြင့်အောင်(ပြန်/ဆက်)