ချောင်းဦးမြို့၌ စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပ

ချောင်းဦး   ဖေဖော်ဝါရီ  

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ဌာနဆိုင်ရာဝ န်ထမ်းများ စုပေါင်း၍ အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။

 

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်နှင့် အဖွဲ့ဝင်များ ဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ လွန်ဆွဲ(ကျား၊မ)၊ စကောရွက်(ကျား၊မ)၊ သံပုန်းရိုက် (ကျား၊ ) အားကစားပွဲများ ပျော်ရွှင်စွာ ကစားခဲ့ကြသည်။

 

ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး အားကစားပြိုင်ပွဲများအပြင် ဉာဏစွမ်းရည် ပြိုင်ပွဲများဖြစ်သည့် ကဗျာရွတ်၊ ပုံပြင်ပြော၊ စာစီစာကုံး၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို လည်း ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဝင်းမြင့်အောင်(ပြန်/ဆက်)