ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး မုံရွာ-မန္တလေး ကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား ၂ ဦးသေဆုံး

ချောင်းဦး  ၁၆   မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး၊ မုံရွာ-မန္တလေးကားလမ်း မိုင်တိုင်အမှတ်  (၆၅/၃) နှင့််(၆၅/၄)အကြားတွင် မတ်လ(၁၅)ရက် ၊ ည(၁၀)နာရီ မိနစ် (၄၀) ခန့်၌ ယာဉ်(၂)စီး တိုက်မိမှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မန္တလေးဘက်မှမုံရွာဘက်သို့ ယာဉ်မောင်း ဦးမြင့်သန်း ပုသိမ်ကြီးမြို့နယ်၊ ပုဂံတပ်ကျေးရွာ မောင်းနှင်လာသော LIGHT TRUCK အဖြူရောင်နှင့်  မုံရွာဘက်မှ  မန္တလေးဘက်သို့ ယာဉ်မောင်း ဦးဝင်းထွဋ် ဟင်္သာတမြို့နယ်၊ မြို့ကွင်း ကျေးရွာအုပ်စု၊ အလယ်စုကျေးရွာ မောင်းနှင်လာသော NISSAN DIESEL အမျိုးအစား (၁၈)ဘီးတွဲယာဉ် (အစိမ်းရောင်)တို့ လမ်းအလယ်ကြောတွင် တိုက်မိမှုဖြစ်ပွားရာ        ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် ဦးကျော်(၅၃)နှစ် ၊ ဦးခေါင်းကြေမွ ဝဲတစ်တောင်ပေါက်ပြဲ (အခင်းဖြစ်နေရာတွင် သေဆုံး)၊  ဒေါ်ညိုစိန်(၄၅)နှစ်၊ ဦးခေါင်းနောက်စေ့ပျော့ပြဲဒဏ်ရာ (အခင်းဖြစ် နေရာမှ ဆေးရုံသို့ သယ်ဆောင်စဉ်သေဆုံး)၊ မ(၉)ဦး ထိခိုက်ဒဏ်ရာရရှိပြီး၊ မစိုးရိမ်ရအခြေအနေ ဖြစ်ကြောင်း သိရသည်။

 

အခင်းဖြစ်နေရာသို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ်ရဲတပ်ဖွဲ့မှု ရဲမှူးဝင်းအောင်နှင့်  အဖွဲ့ဝင်များမှ  သေဆုံးသူ(၂)ဦးနှင့် ဒဏ်ရာရရှိသူ(၉)ဦးအား ဆေးစာဖြင့်ဆေးရုံ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်နှင့် ဒဏ်ရာရရှိသူများအား ရွှေတောင်လူမှုကူညီရေး အသင်းနှင့် မြင့်မြတ်သုခလူမှုကူညီရေးအသင်းတို့မှ ကားများဖြင့် ပြည်သူ့ဆေးရုံသို့ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

 

အိအိအောင်(ချောင်းဦး)