ချောင်းဦးမြို့တွင် ပန်းကြယ်သီးထိုးနည်း လက်မှုပညာသင်တန်း ဖွင့်လှစ်သင်ကြား

ချောင်းဦး မေ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြီး လက်မှုပညာတစ်ရပ်ဖြစ်သည့် ပန်းကြယ်သီး ထိုးနည်း သင်တန်းအား မေလ ၁၆ ရက်မှ ၁၉ရက်အထိ ၃ ရက်ကြာ ဖွင့်လှစ် သင်ကြားပေးနေကြောင်း သိရသည်။

စျေးကွက်ထဲတွင် ပြုလုပ်ရောင်းချရမှုများပြားနေသော မြန်မာအမျိုးသမီး အင်္ကျီများတွင် အလှဆင်သည့် ပန်းကြယ်သီး ထိုးနည်းကို အရောင်စုံပိတ်စသား အနည်းငယ်၊ အပ်၊ အပ်ချည်များဖြင့် ပြုလုပ်သည့် လက်မှုအတတ်ပညာအား ဆရာမ ဒေါ်နန်းယဉ်အေးက ၃ ရက်အတွင်း အတတ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

ချောင်းဦးမြို့နယ် ပြည်သူ့စာကြည့်တိုက် Page မှလည်း Online မှ တစ်ဆင့် စာအုပ်စာစောင်များ၊ ကလေးငယ် များအတွက် ပုံပြင်နှင့် ကဗျာများ၊ လက်မှုအတတ်ပညာများအား အခါအားလျော်စွာ ထုတ်လွှင့်ပေးနေကြောင်း သိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)