ချေမှုန်းကြပါစို့ …..

အယ်ဒီတာခင်ဗျား

မြန်မာ့မြေပုံ အလှပျက်မခံနိုင်ပါ။

ဘာသာမဲ့တွေရဲ့ တဇောက်ကန်းလုပ်ရပ်ကို ပြည်သူလူထုကြီးက ကန့်ကွက်ရှုတ်ချတာ ၊ ဆန့်ကျင်ကန့်ကွက်တာတွေ လုပ်နေတာကလည်း တစ်ပိုင်းပေါ့။
အခုချိန် ခဏစွန့်ခွာပေးလိုက်ရတဲ့နယ်မြေတွေကို လေ့ကျင့်ရည်ပြည့်ဝတဲ့ တပ်မတော်သားတွေ၊ ကွန်မန်ဒိုတွေ၊ တိုက်ချင်၊ ခိုက်ချင်စိတ်ပြင်းပြနေတဲ့ စစ်သည်တော်ဟောင်း အရန်အင်အားတွေ၊ ကျန်းမာသန်စွမ်းတဲ့ မျိုးချစ်ပုဂ္ဂိုလ်လူငယ်လူရွယ်တွေ၊ နယ်မြေကိုတာဝန်ယူခဲ့တဲ့ စစ်ရေးကျွမ်းကျင်သူ ခေါင်းဆောင်ဟောင်းတွေ အပါအဝင် အားလုံးစုစည်းပြီး အမြန်ဆုံးစုဖွဲ့၊ သေနင်္ဂဗျူဟာကောင်းကောင်း၊ လက်နက်ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါးထောက်ပံ့မှုကောင်းကောင်းနဲ့ လက်တုံ့ပြန်ချေမှုန်းစေချင်ပါတယ်။ 

ဘုရား၊ စေတီကို တံတွေးနဲ့ထွေး၊ ခြေနဲ့နင်း၊ ရဲဒင်းနဲ့ထုချေဖျက်ဆီး၊ ပုဆိန်နဲ့ ပေါက်ခံရလို့ ရင်ထဲမချိအောင် ခံစားနေရတဲ့ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တွေကလည်း စစ်ပွဲကို မလွဲမသွေကူညီလိမ့်မယ်လို့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ယုံကြည်မိပါတယ်။ 

စစ်ပွဲတစ်ပွဲရဲ့ အဖြေဟာ ၁။ Money ၂။ Money ၃။ More Money ပါပဲတဲ့ ။ သူပုန်ထက်၊ လူယုတ်မာတွေထက် နိုင်ငံမှာရှိသမျှငွေ အကုန်ပုံအောသုံးပြီး၊ အဆ ရာထောင်ချီမကသုံးပြီး အောင်ပွဲကို အရယူနိုင်ပါတယ်။ 

စလုပ် မနှောင်းဘူးဆိုတဲ့ စကားရှိပါတယ်။ မလုပ်ရင်သာ နောက်ကျတာပါ။ လုပ်ရဲကိုင်ရဲတဲ့သူတွေ အများကြီး ကျန်ရှိပါသေးတယ်။ တိုက်ပွဲဝင်အသင့် စိတ်ဓာတ်ရှိသူတွေနဲ့ မြန်မာပြည်မှာ သောင်းကျန်းသူ အမြစ်ပြတ်သည်အထိ ချေမှုန်းလိုက်စေချင်ပါတယ်။ 

“ရဲသော်မသေ သေသော် ငရဲမလား” တဲ့ ။ နန္ဒိသေနပျို့မှာပါတဲ့ “လူချင်းချင်းကို ဘယ်မင်းဖက်ပြိုင် ဘယ်တပ်ဆိုင်အံ့ သူ့နိုင်ငံသား သံမှုန့်စားမှ တို့ဓားတုံးမည်မှတ်တော်တည်လော့” ဆိုတဲ့အတိုင်း တိုက်ပွဲဝင် စိတ်ဓာတ်အပြည့်နဲ့ ရန်သူအပေါင်းကို ချေမှုန်းသုတ်သင်ကြပါစို့ …….။ 

နေပြည်တော်နေ ဝန်ထမ်းတစ်ဦး