ချီဘာဒေသခံထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ရန် အကြံပြုထား

၁၆ စက်တင်ဘာ

ချီဘာစီရင်စုတောင်ပိုင်းရှိ မြို့နှစ်မြို့တွင် မြေပြိုမှုများဖြစ်ပေါ်နိုင်သဖြင့်  ဒေသခံထောင်ပေါင်းများစွာကို ဘေးကင်းရာသို့ ပြောင်းရွှေ့ကြရန် ကယ်ဆယ်ရေးအကြံပေးချက်များ ထုတ်ပြန်ခဲ့သည်။

 

c11

 

လေထုများမှာ တည်ငြိမ်မှုမရှိသေးကြောင်း တနင်္လာနေ့နံနက်ပိုင်းတွင် စီရင်စုအချို့တွင် မိုးသည်းထန်စွာ ရွားသွန်းနိုင်သေးကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာနတာဝန်ရှိသူများက ပြောကြားခဲ့သည်။

မီနာမီဘူဆိုမြို့တွင် နေထိုင်လျက်ရှိသည့် အိမ်ပေါင်း ၁၃၀ဝကို ဘေးလွှတ်ရာသို့ ချက်ချင်းပြောင်းရွှေ့ကြရန် အကြံပေးခဲ့သည်ဟု ဆိုသည်။

အဆိုပါမြို့၏ နံနက်၉နာရီအချိန်တွင် တစ်နာရီကြာရွာသွန်းခဲ့သည့်မိုးမှာ မိုးရေချိန် ၅၀ မီလီမီတာရှိသည်ဟု ဆိုသည်။

တီရာရာမှ မြို့တွင် နေထိုင်လျက်ရှိသည့် လူပေါင်း ၄၆၀ဝ၀ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် အကြံပေးခဲ့သည်။

တိုင်ဖွန်းမုန်တိုင်း ဖက်ဆိုင်တိုက်ခတ်ပြီးနောက် တစ်ပတ်အကြာတွင် စီရင်စုများအတွင် မြေပြိုခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက်များ ထုတ်ပြန်လျက်ရှိသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်