ချီလီကိုအနိုင်ယူပြီး တတိယနေရာရယူခဲ့သည့် အာဂျင်တီးနား

mdn

၇ ဇူလိုင်

 

၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် အာဂျင်တီးနားအသင်းနှင့် ချီလီအသင်းတို့ စနေနေ့ ညပိုင်းကယှဉ်ပြိုင်ကစားခဲ့ကြရာ အာဂျင်တီးနားအသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 

 

အာဂျင်တီးနားအသင်းနှင့် ချီလီအသင်းတို့မှာ ပြီးခဲ့သည့်နှစ် ပြိုင်ပွဲတွေမှာ  ဗိုလ်လုပွဲတွင် နှစ်ကြိမ်ဆက် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ချီလီအသင်းက အာဂျင်တီးနားအသင်းကို နှစ်ကြိမ်စလုံးအနိုင်ယူနိုင်ခဲ့သည်။ ယခုတတိယနေရာလုပွဲမှာ အာဂျင်တီးနားအသင်းက အနိုင်ရရှိရေးအတွက် အကောင်းဆုံးပုံစံ ကောင်းပြသနိုင်ခဲ့ပြီး ပထမပိုင်း ပွဲချိန် ၁၂ မိနစ်တွင် အဂွဲရိုး က ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့သည်။ ပွဲချိန် ၂၂ မိနစ်တွင် ဒီဘားလားက ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပြီး ပထမပိုင်းတွင် အာဂျင်တီးနားအသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ကစားနိုင်ခဲ့သည်။ ပွဲချိန် ၃၇ မိနစ်မှာ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီနှင့် ချီလီအသင်းခေါင်းဆောင် မီဒယ်လ်တို့ ပြသာနာတက်ခဲ့ကြသဖြင့် နှစ်ဦးစလုံး တိုက်ရိုက်အနီကတ်တွေနှင့် ထုတ်ပယ်ခံခဲ့ရသည်။

 
ဒုတိယပိုင်းတွင် ချီလီအသင်းအနေဖြင့် ချေပဂိုးရရှိရေးအတွက် ကြိုးစားခဲ့ပြီး ပွဲချိန် ၅၉ မိနစ်တွင် ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့သည်။ ယင်းဂိုးကို ဗီဒယ်လ်က အမှားအယွင်းမရှိ ကန်သွင်းကာ ချီလီအသင်း ချေပဂိုုးပြန်လည်ရရှိခဲ့သည်။  လက်ကျန်မိနစ်တွေမှာ ချီလီအသင်း နောက်ထပ် ချေပဂိုးပြန်လည် ရရှိရေးအတွက် ကြိုးစားကစားခဲ့သော်လည်း အာဂျင်တီးနားအသင်းက အနိုင်ရလဒ်ကို ထိန်းကစားနိုင်ခဲ့သဖြင့် ပွဲအပြီးမှာ အာဂျင်တီးနားအသင်းက နှစ်ဂိုးတစ်ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး ၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲမှာ တတိယဆုရယူနိုင်ခဲ့သည်။ 

 

MDN