ချီလီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း နှစ်သန်းကျော်ရှိလာ

ဖေဖော်ဝါရီ ၂၂

 

ချီလီနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၂၃၂၅၄ ဦးရှိသဖြင့် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၂၈၇၆၄၅၅ ဦးအထိ မြင့်တက်လာသည်ဟု သိရသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၄၄ ဦးထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၄၁၄၉၁ ဦးရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၁၃၁၄၀၈ ဦးရှိသည်။

 

အိုမီခရွန်ကူးစက်မှုများဖြစ်ပွားနေချိန်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမှာ ခုနစ်ရက်အတွင်း ကိုးရာခိုင်နှုန်းလျော့ကျခဲ့သော်လည်း ၁၄ ရက်အတွင်း ၁၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

 

ဘိုင်အိုဘိုင်အို၊ လော့လာဂေါ့နှင့် အိုဟစ်ဂင်ဒေသများသည် သီတင်းပတ်တစ်ပတ်အတွင်း ရောဂါကူးစက်မှုအမြင့်မားဆုံးဒေသများဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို