ချီလီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ သန်း ၄၀ ကျော် ထိုးနှံပေးပြီးဖြစ်

ဆန်တီယေဂို နိုဝင်ဘာ ၂၄

 

ချီလီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေသန်း ၄၀ ကျော် ထိုးနှံပေးပြီးဖြစ်ကြောင်း ချီလီနိုင်ငံ ကျန်းမာရေးဝန်ကြီး အင်းနရစ်ပါရစ်က ယမန်နေ့တွင် ပြောကြားသည်။

 

ထိုးနှံမှု ခံယူပြီးဖြစ်

လက်ရှိတွင် ချီလီနိုင်ငံ၌ အသက် ၁၈ နှစ်နှင့်အထက် အသက်အရွယ်ရှိသူ ၁၃ ဒသမ ၇၈သန်းခန့်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန် ရည်ရွယ်ထားသည့် လူဦးရေ ၁၅ ဒသမ ၂ သန်းအနက်မှ ၉၀ ဒသမ ၇၆ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ချီလီ ကျန်းမာရေးဝန်ကြီးက ပြောကြားသည်။

 

ထို့ပြင် ချီလီနိုင်ငံ၌ အသက်ခြောက်နှစ်မှ ၁၇ နှစ်အကြား အသက်အရွယ်ရှိသူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၄ ဒသမ ၇၇ သန်း အသုံးပြုပြီးဖြစ်ကြောင်းလည်း ချီလီကျန်းမာရေးဝန်ကြီးက ပြော ကြားသည်။ ။

 

ချီလီနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၂၅၂ ဦးနှင့် သေဆုံးသူ ၃၂ ဦးရှိခြင်းကြောင့် ရောဂါ ကူးစက်ခံရသူပေါင်း ၁၇၄၅၃၀၅ ဦး ရှိလာကာ သေဆုံးသူပေါင်း ၃၈၁၄၉ ဦးရှိလာကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်