ချီလီတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ၂၉၅၅၀ဝ ကျော် မြင့်တက်လာ

၆ ဇူလိုင်

 

 

ချီလီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားချိန်မှစပြီး ကူးစက်ခံရမှုပေါင်း ၂၉၅၅၃၂ ဦး ရှိလာသည်ဟု  ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

 

ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း သေဆုံးသူ ၁၁၆ ဦး ရှိပြီး သေဆုံးသူပေါင်း ၆၃၀၈ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက  ပြောကြားသည်။

 

 

တစ်ရက်အတွင်း ရောဂါထပ်မံ ကူးစက်သူ ၃၆၈၅ ဦး ရှိပြီး ၂၈၅၂ ဦးမှာ ရောဂါလက္ခဏာပြပြီး ၄၃၈ ဦး မှာ ရောဂါလက္ခဏာ မပြကြောင်း စမ်းသပ်တွေ့ရှိရသည်။

 

 

နိုင်ငံတစ်ဝှမ်း ရောဂါကူးစက်ခံရမှု ၂၈၁၉၄ ရှိပြီး  အစိုးရက ထူထောင်ပေးထားသည့် သီးသန့်ခွဲခြားထားရာ စင်တာ ၁၅၀ ကျော်တွင် လည်းကောင်း (သို့မဟုတ်) ဆေးရုံတွင် ကုသမှုခံယူခြင်း ( သို့မဟုတ်) နေအိမ်တွင် သီးခြား နေထိုင်ခြင်း တို့ ဖြစ်သည်။

 

 

ကူးစက်ခံရသူ ၂၀၇၈ ဦးသည် လက်ရှိ ဆေးရုံတက်နေရပြီး စိုးရိမ်ရသော အခြေအနေရှိသူ ၃၈၅ ဦး အပါအဝင် ၁၇၃၆ ဦးမှာ အသက်ရှူ အထောက်ပြုကိရိယာ တပ်ဆင်ထားရသည်။

 

 

တစ်ရက်အတွင်း ၁၈၀ဝ၄ ဦး ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး စမ်းသပ်စစ်ဆေးမှု စုစုပေါင်း ၁၁၈၁၈၈၄ ပြုလုပ်ပြီး ဖြစ်ကြောင်းနှင့် ကူးစက်ခံရမှု ၂၅ ဒသမ ဝ၁ ရာခိုင်နှုန်း ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို