ချီဖွေမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ်းပါးပြိုကျ

ချီဖွေ မေ ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မေ ၁၅ ရက် ညနေပိုင်းက ကမ်းပါးပြိုကျ၍ အိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မြေပြိုမှု ဖြစ်ပွားရာသို့ မြို့နယ်မီးသတ်စခန်းမှ ဒုတိယဦးစီးမှုး ဦးအောင်ဖြိုးဝေ ဦးဆောင်သည့် သန္ဓေတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲဝင်များက မီးသတ်ယာဉ်တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မြေပြိုဘေးခံရသည့် မိသားစုဝင်များအား အမှတ်(၂) စစ်ဘေးရှောင်စခန်းသို့ ယာယီရွှေ့ပြောင်းထားရှိကြောင်း သိရှိရသည်။ ထိုမြေပြိုမှုကြောင့် ချီဖွေမြို့နယ် ရစ်လော်ရပ်ကွက်ရှိ ခြေတံရှည်၊ သွပ်မိုး၊ ထရံကာ ၁၈ ပေ × ၁၈ ပေ အိမ်တစ်လုံး ထိခိုက်ပျက်စီးသွားပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

ဇင်မာဝင်း(ပြန်/ဆက်)