မန္တလေး ဇွန် ၁၁

 

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝဏ္ဏအောင် ကြီးကြပ်မှုဖြင့် ပြည်သူ့လုံခြုံရေးအတွက် မြို့တွင်းမော်တော်ယာဉ်များ စစ်ဆေးခြင်းကို ဇွန် ၉ ရက်က အမှတ်(၁၁) နယ်မြေခံရဲစခန်းအပိုင်တွင် ဆောင်ရွက်ခဲ့သည်။

 

မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုသန်း ဦးဆောင်၍ နယ်မြေခံစခန်းမှူး ဒုတိယရဲမှူးကျော်မန်းနှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ပြည်သူ့လုံခြုံရေးအတွက် မြို့တွင်းမော်တော်ယာဉ်များ စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)