နေပြည်တော် မေ ၁၈
နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးဒိုင်လူကြီးနှင့် နည်းပြသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
ဖွင့်လှစ်သင်ကြားပို့ချပေးမည်
အဆိုပါ ခြင်းလုံးဒိုင်လူကြီးနှင့် နည်းပြသင်တန်း (၁/၂၀၂၆)ကို မေ ၁၈ ရက်မှ ၂၅ ရက်အထိ နည်းပြ ရှစ်ဦးတို့က သင်တန်းသား သင်တန်းသူ ၃၀ တို့ကို နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ သင်တန်းကာလ ရှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


