ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

ဟားခါး    ဇူလိုင်    ၂၀

           

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဇူလိုင် ၂၀ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

 

ရှေးဦးစွာ ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က အမှာစကားပြောကြားပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်က ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များကိုလည်းကောင်း ၊ ချင်းပြည်နယ်အစီုးရရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းသိန်းက ကိုဗစ်−၁၉ အသုံးစရိတ်များနှင့်ပတ်သက်၍ ရန်ပုံငွေရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းများကို လည်းကောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦ:စီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာ ရန်နိုင်က ချင်းပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ ၊ ၁၈−၇−၂၀၂၂ ရက်နေ့အထိ ချင်းပြည်နယ်အတွင်း အသက်(၁၈)နှစ်အထက်် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေ ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထိနှင့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား ၊ ကျောင်းသူများ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုနှင့် မြို့နယ်အလိုက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ရရှိ ၊ သုံးစွဲ ၊ လက်ကျန်စာရင်းများကိုလည်းကောင်း ၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံမည့်အစီအမံများနှင့် လုပ်ငန်းလိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ထိုနောက် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ကိုဗစ်−၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ယခင်ဆောင်ရွက်ထားရှိသည့် လမ်းညွှန်ချက်များအတိုင်း ခရိုင် ၊ မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးကော်မတီများသို့ အကြောင်းကြားဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်မှုအခြေအနေများအား ပြန်လည်တင်ပြနိုင်စေရေး ၊ စာရင်းဇယားများ စနစ်တကျပြုစုရေးနှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးလက်ကျန်များအနက် သက်တမ်းကုန်ဆုံးရန်နီးကပ်သည့် ကာကွယ်ဆေး လက်ကျန်များအား ဆေးအမျိုးအစားအလိုက် (၂)လခန့် ပြည်နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးကော်မတီသို့ ကြိုတင်တင်ပြစေရေးတို့နှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က မျိုးရိုးဗေဇပြောင်း ကိုဗစ်−၁၉ ရောဂါပိုး Omicron နှင့် ၎င်း၏ မျိုးစိတ်သစ် များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်သင့်သည့်လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေး ပြီးနောက် ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်အမြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ် က  နိဂုံးချုပ်အမှာစကား ပြောကြားသည်။

           

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများက အိမ်ထောင်စုအချက်အလက်များ e-ID စနစ်အတွင်း ဖြည့်သွင်း ဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးရာ ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခရိုင် ( ပြန် / ဆက် )