ချင်းရွှေဟော်၌ နေရပ်ပြန်ပြည်သူ ၄၅ ဉီးအား Rapid Test Kit ဖြင့် စစ်ဆေး 

ချင်းရွှေဟော်၊  ၂၂  ဇန်နဝါရီ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၌ မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့်    မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ ၄၅ ဦးအား ဇန်နဝါရီ ၂၁ ရက်က ပြည်သူ့ဆေးရုံ၌ Rapid Test Kit ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် နေရပ်ပြန်ပြည်သူ အမျိုးသား ၂၈ ဉီး၊ အမျိုးသမီး ၁၇ ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ ၄၅ ဉီးတွင် ရောဂါပိုးမတွေ့ရှိဘဲ ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ အာခေါင်တို့ဖတ်နှင့် နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာ Swab များအား  ထပ်မံရယူ၍ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)