ချန်ပီယံလိဂ် (၁၆) သင်းအဆင့် မဲနှိုက်ရွေးချယ် မန်ယူနှင့် ပီအက်စ်ဂျီ၊ မန်စီးတီးနှင့် ရှော်လ်ကေး၊ လီဗာပူးနှင့် ဘိုင်ယန်တွေ့ဆုံ

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်၁၆သင်းအဆင့် ရှုံး/ထွက်ပွဲစဉ်များကို ဒီဇင်ဘာ ၁၇ ရက် တနင်္လာနေ့တွင် ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့ ၌ မဲခွဲရွေးချယ်ခဲ့သည်။

 

အင်္ဂလန်ကလပ်အသင်းများဖြစ်သော မန်ယူသည် ပီအက်စ်ဂျီနှင့် တွေ့ဆုံခဲ့ပြီး မန်စီးတီးနှင့် ရှော်လ်ကေး၊ လီဗာပူးနှင့် ဘိုင်ယန်မြူးနစ်တို့ တွေ့ဆုံမည်ဖြစ်ကာ စပါးအသင်းသည်ဒေါ့မွန်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အခြားပွဲစဉ်အဖြစ် ရိုးမားနှင့် ပေါ်တို၊ အက်သလက်တီကိုနှင့် ဂျူဗင်တပ်စ်၊ ရီးရဲမက်ဒရစ်နှင့် အေဂျက်စ်၊ ဘာစီလိုနာနှင့် လိုင်ယွန်အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

 

 အင်္ဂလန်ကလပ်အသင်းများတွင် မန်စီးတီးတစ်သင်းသာ ပွဲချောင်ခဲ့ပြီး ကျန်သုံးသင်းသည် အသင်းကြီး များနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး စပိန်ထိပ်သီးကလပ် ရီးရဲမက်ဒရစ်နှင့် ဘာစီလိုနာတို့ပွဲစဉ်မှာလည်း ပွဲချောင်ခဲ့သည်။ ချန်ပီယံလိဂ် ရှုံး/ထွက် ပထမအကျော့ကို ဖေဖော်ဝါရီ ၁၃ ရက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် စတင်ယှဉ်ပြိုင် မည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို မတ်လ ၆ ရက်နံနက်ပိုင်းတွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

သီဟ